ငါးပွက်ရာ ငါးစာ ချ
(စကားပုံ)
၁။ ငါးစာတပ်ထားသော ငါးမျှားချိတ်ကို တစ်နေရာတည်းတွင် ချမထားဘဲ ငါးပွက်တိုင်း ငါးပွက် ရာသို့ ပြောင်းရွှေ့ချလျှင် ငါးမမိသကဲ့သို့ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ မလုပ်ဘဲ အကျိုးရှိနိုးနိုးနှင့် အမျိုး မျိုး ပြောင်းလဲလုပ်လျှင် အရာမရောက် ဖြစ်တတ်သည်။
၂။ ငါးအားလုံးအတွက် ငါးစာကျွေးခြင်း မဟုတ်ဘဲ ငါးပွက်သည့် နေရာသို့သာလိုက်၍ ငါးစာချ သကဲ့သို့ ပြဿနာတစ်ခုလုံးကို အရင်းအမြစ်မှစ၍ ပြေလည်အောင် စူးစိုက်၍ မဖြေရှင်းဘဲ လတ်တ လော ဖြစ်ပေါ်လာသည့် ပြဿနာများကိုသာ လတ်တလော ပြေလည်ရုံမျှ လိုက်လံဖြေရှင်းသည်။
No comments:
Post a Comment