ငရဲက လာသူ ပြာပူ မကြောက်
(စကားပုံ)
၁။ ငရဲတွင် ငရဲမီး၏အပူကို ခံစားဖူးသူသည် ပြာပူမျှလောက်ကို မကြောက်တော့သကဲ့သို့ ကြီးမား သောဒုက္ခကို ခံစားရဖူးသူသည် သာမန် ဒုက္ခမျိုးကို မကြောက်တော့ချေ။
ငရုတ်သီးပိုး အစပ်မကြောက် -၁ နှင့် အတူတူ။
၂။ ငရဲတွင် ငရဲမီး၏အပူကို ခံစားဖူးသူသည် ပြာပူမျှလောက်ကို မကြောက်တော့သကဲ့သို့ ကြီးမား သော အပြစ်ကို ကျူးလွန်ဖူးသူသည် သာမန်အပြစ်မျှလောက်ကို ကျူးလွန်ရန် မခဲယဉ်းတော့ချေ။
ငရုတ်သီးပိုး အစပ်မကြောက် -၂ နှင့် အတူတူ။
No comments:
Post a Comment