ကျီးတစ်ကောင်အတွက် ကျီးအများပျက်

(စကားပုံ)

      ကျီးတစ်ကောင်ကြောင့် ကျီးများ ပျက်စီးရသကဲ့သို့ တစ်ယောက် မကောင်းသောကြောင့် အများ ပျက်စီးဆုံးရှုံးရသည်။

      ရှေးသရောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်သည် ကောင်းစွာဝတ်စား ဆင် ယင်လျက် မြို့တွင်းသို့ ဝင်လာသည်။ မြို့တံခါး တိုင်ဖျားတွင် နားနေသော ကျီးတစ်ကောင်က ပုရော ဟိတ်၏ ခေါင်းပေါ်သို့ မစင်စွန့်ချလိုက်သည်။ ထို့ကြောင့် ပုရောဟိတ်သည် ကျီးများကို ရန်ငြိုးထား လေသည်။ တစ်နေ့သော အခါ ဗြဟ္မဒတ်မင်းက ထိုပုရောဟိတ်အား မီးလောင်သော ဆင်တို့ကို ဆေး ကုသရန်ပြောရာ ကျီး၌ အဆီမရှိမှန်းသိလျက် ကျီးဆီရမှသာ ပျောက်ကင်းနိုင်မည်ဟု လျှောက်ထား သည်။ ထို့ကြောင့် ကျီးများစွာကို သတ်၍ ကျီးဆီကို ရှာကြရာ ကျီးများစွာ သေကျေရသည်။

ခုဒ္ဒကနိကာယ်၊ ၁၄၀-ကာကဇာတ်။

Read Users' Comments (0)

No comments:

Post a Comment

"ာ" ပိုအမှား စကားလုံးများ


အမှန် ("ာ"ထည့်စရာမလို) အမှား ("ာ"ပို)
ဘေးဥပဒ် ဘေးဥပါဒ်
အရုဏ်ဦး အာရုဏ်ဦး
ဒဏ်ကြေး ဒါဏ်ကြေး
အနာဂတ် အနာဂါတ်
ဟေမန် ဟေမာန်
သာမန် သာမာန်
စကြဝဠာ စကြာဝဠာ
ရလဒ် ရလာဒ်
စံပယ်ပန်း စံပါယ်ပန်း
လှည်းယဉ် လှည်းယာဉ်

Source : မြန်မာအဘိဓာန်၊ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာစာ၊ မြန်မာစကား၊
အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!