ကျားသေကို အသက်သွင်းလို့ စင်းစင်း သေရ

(စကားပုံ)

      ကျားသေကို အသက်သွင်းသူသည် ထိုကျားကိုက်၍ သေရသကဲ့သို့ စွမ်းအားသတ္တိ မရှိတော့သည့် ရန်သူ၊ ပြိုင်ဘက် စသည်ကို အခွင့်အလမ်း ပေးမိသဖြင့် အန္တရာယ်ကြီးစွာပြုခြင်း ခံရသည်။

      ဒိသာပါမောက္ခ ဆရာကြီးထံ တပည့်ငါးရာတို့ အတတ်သင်ကြသည်တွင် သဉ္စီ၀မည်သော တပည့် သည် သူသေကို အသက်သွင်းသောမန္တရား သင်ယူ၏။ ပြန်၍ နုတ်သော မန္တရား ကိုကား မသင်ယူ မိချေ။ တစ်နေ့သော အခါ လုလင်တို့သည် တောသို့ ထင်းခွေ သွားကြရာ ကျားသေတစ် ကောင်ကို တွေ့ကြလျှင် သဉ္စီ၀လုလင်က အချင်းတို့ ဤကျားသေကို မန္တရားဖြင့် ရှင်စေအံ့ဟုဆိုသည်။ အခြား လုလင်တို့ကလည်း သင်မတတ်နိုင်၊ တတ်နိုင်လျှင် လုပ်လော့ဟု ပြောဆိုကာ သစ်ပင်ပေါ်တက်နေ ကြ၏။ သဉ္စီ၀သည် မန္တရားကို မန်းမှုတ်၍ အသက်သွင်းလျှင် ကျားသေထ၍ သဉ္စီ၀လုလင်ကို ကိုက် သတ်လိုက်လေသည်။

ခုဒ္ဒကနိကာယ်၊ ၁၅၀ - သဉ္စီဝဇာတ်။

Read Users' Comments (0)

No comments:

Post a Comment

"ာ" ပိုအမှား စကားလုံးများ


အမှန် ("ာ"ထည့်စရာမလို) အမှား ("ာ"ပို)
ဘေးဥပဒ် ဘေးဥပါဒ်
အရုဏ်ဦး အာရုဏ်ဦး
ဒဏ်ကြေး ဒါဏ်ကြေး
အနာဂတ် အနာဂါတ်
ဟေမန် ဟေမာန်
သာမန် သာမာန်
စကြဝဠာ စကြာဝဠာ
ရလဒ် ရလာဒ်
စံပယ်ပန်း စံပါယ်ပန်း
လှည်းယဉ် လှည်းယာဉ်

Source : မြန်မာအဘိဓာန်၊ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာစာ၊ မြန်မာစကား၊
အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!