န (ဆိုရိုးစကား)
- နဂိုဓာတ်ဟောင်း မဖျက်ကောင်း
- နဖူးစာ ရွာလည်
- နယုန်မိုးသေး မြက်သားမွေး
- နဟိ ဝေရေန ဝေရာနိ
- နာဂဆင်ဖြူ၊ ရောက်မူပြည်ရွာ၊ ဝပြောသာ
- နာစရာရှိလျှင် လွမ်းစရာနှင့်ဖြေ
- နားတစ်ထိုင်၊ သွားတစ်တိုင်
- နီလာအလျား၊ မြကားအပြား၊ ပတ္တမြားအမောက်၊ စိန်မှာအစောက်
- နီးတကျက်ကျက် ဝေးတသက်သက်
- နီးလျက်နဲ့ဝေး
- နုမှာ ငါးရာ၊ ရင့်မှာ တစ်ကျိပ်
- နေခါသူ့နောက်၊ ဆိုခါသူ့အောက်
- နေဝင်မီးလက် စီးပွားတက်
- နေ့ကိုလို ဝါဆို၊ ညကိုလို ပြာသို
- နေ့ပူလို့ညချမ်း၊ တပေါင်းလ လသရမ်း
- နေ့ပြော နောက်ကြည့်၊ ညဉ့်ပြော အောက်ကြည့်
- နေ့မြင် ညပျောက်
- နံနက် ငှက်ပျော၊ ညဉ့် သင်္ဘော
- နောက်ပစ်ညသတ် သမာနတော
- နောက်ပစ်ယသတ် သမာနတော
- နိုင်လျှင်ကား ရန်၊ ရှုံး ပူပန်
- နည်းအမျှ များအဝ
- နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်
- နတ္ထိ ဝိဇ္ဇာ သမံ မိတ္တံ
- နတ်ရေးတဲ့ဖူးစာ လူပြင်ရာမခံ
- နွားကောင်းမကောင်း ချောင်းတက်ကျမှသိ
- နွားရှိသသူ နွားကြောင့်ပူ၊ သားရှိသသူ သားကြောင့်ပူ
- နွေ ထနောင်း၊ ဆောင်း မန်ကျည်း
- နွယ်မြက်သစ်ပင် ဆေးဖက်ဝင်
- နှလုံးကောင်း ဝန်ကြီး
- နှဲချောလျှင် တယော
- နှဲမှာအသံ၊ ပတ်မှာဟန်
- နှိုင်းနှိုင်းချိန်ချိန် သုခမိန်
- နှစ်ဆယ်ကျော်အစိတ်ပိုင်း အရွယ်တော်တစ်ဆိတ်ဟိုင်း
- နှုတ်ကတော့ ပျားသကာ၊ စိတ်ကတော့ ခါးတမာ
- နှုတ်ကြီးလျှင် သူခွာ၊ လက်ကြီးလျှင် သူလာ
- နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ
- နှုတ်ချိုလျှင် လက်တို
- နှုတ်ချို သျှိုတစ်ပါး
- နှုတ်တစ်ရာ စာတစ်လုံး
- နှမ်းကောင်းလျှင် တစ်အိမ်ရာ၊ ဝါးကောင်းလျှင် တစ်ထောင်ပို့