ထ (ဆိုရိုးစကား)
- ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်
- ထလို့ပြေးချင် ရေအိုးတင်
- ထသွားပြန်ကြည့်
- ထီးမှာ ခရိုင်၊ နိုင်ငံမှာ မင်း
- ထု-ဓမ္မရံ၊ ဉာဏ်-သဗ္ဗညု၊ အနု-အာနန္ဒာ
- ထူးလျှင်လည်းထူး၊ ရူးလျှင်လည်းရူး
- ထောက်ထားလျှင် နှောင့်ယှက်၊ မြှောက်စားလျှင် ရောင့်တက်
- ထင်တိုင်းလည်း မဆိုနှင့်၊ ဝင်တိုင်းလည်း မမျိုနှင့်
- ထင်းမရှိတော့ ထရံဖျက်၊ ဟင်းမရှိတော့ ကြမ်းစွန်းငှက်
- ထောင်တန်သည့်စကား ရယ်ပေါ့
- ထန်းသီးအုန်းအုန်း ဖားအုန်းအုန်း