င (ဆိုရိုးစကား)
- ငရုတ် တစ်လှမ်း၊ ခရမ်း တစ်ခုန်
- ငါနှင့်ငါသာ နှိုင်းစရာ
- ငါနှင့်မတူ ငါ့ရန်သူ
- ငါ့ဝမ်းပူဆာ မနေသာ
- ငါ့သားရွှေတောင် ရေကိုရှောင်၊ အောင်စံဖြိုး ရေချိုးရက်
- ငါး ငါးကြင်း၊ ဓား ဒီပဲယင်း
- ငါး ငါးသလောက်၊ မယား ဆံတောက်
- ငါးပိနှင့်လောက် ရွှေနှင့်ကျောက်
- ငါးပတ် ပုပ်ပုပ်၊ ငရုတ် စပ်စပ်
- ငါးသိုင်းများ ဟင်းဟုံ
- ငိုချင် အူရွှင်
- ငိုအားထက် ရယ်အားသန်
- ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာ
- ငယ်ကပေါင်း အနှစ်တစ်သောင်း၊ မမေ့ကောင်း
- ငွေနှင့်မိန်းမ၊ စပ်လျဉ်းက၊ ရိုးကြသူပင် ဆန်း
- ငွေများ တရားနိုင်
- ငှက်ပျော ကဆုန်၊ ဝါး နယုန်
- ငှက်ပျောတစ်ခိုင် သားတစ်ထိုင်
- ငှက်ပျော လက်တစ်နှိုက်၊ အုန်း တည်စိုက်
- ငှက်မသိက ဆက်ရက်ကို ချိုးထင်၊ အချက်မသိက သားမက်ကို သူခိုးထင်
- ငှက်သိုက် မြေနား၊ ပြုလေငြား၊ မိုးများ ရွာဘူးပ