ခ (ဆိုရိုးစကား)
- ခရုမှာလည်း အဆန်၊ လူမှာလည်း အကြံ
- ခဝဲပွင့်တုန်း တန်ဆောင်မုန်း
- ခါးပုံတင် လူယဉ်၊ ခါးပုံထိုး လူရိုး၊ ခါးတောင်းကျိုက် လူမိုက်
- ခုနစ်စဉ်ကြယ်ပြောင် အမြီးထောင် သန်းခေါင်ချိန်သို့ရောက်
- ခုနစ်လ လူငုတ်တုတ်၊ သွားငုတ်တုတ်
- ခုရှုပ်မှ နောင်ရှင်း
- ခံသီး ပြိုးပြောင် လဝါခေါင်
- ခိုးတတ်လျှင် ယိုးတတ်
- ခိုးသူ ငရဲမလား၊ ယိုးသူ ငရဲလား
- ခေါက်ချိုးပြောရင် စောက်ထိုးနားလည်ရမယ်
- ခေါက်ရှာငှက်ပျံ လောကဓံ
- ခင်ရာဆွေမျိုး
- ခေါင်း ခါး ခြေ လက်၊ မပျက်စေရ၊ သုခုမ
- ခေါင်းတစ်ရာသားစား
- ခေတ်ကျပ်လျှင် သဘင်သည် အလျင်ငတ်သည်
- ခုံကျူး ခုံတာ၊ ရှေ့နေကျူး ရှေ့နေတာ
- ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက်
- ချီးမွမ်းတန်သည် လူရည်ကိုရှု
- ချိုတည်လူး၊ အိမ်ဦးမှာချည်၊ ဥစ္စာတည်
- ချိုးကူလျှင် ယာ၊ ခွေးအူလျှင် ရွာ
- ချင့်ချင့်ချိန်ချိန် သုခမိန်
- ချင်းစိမ်းနှင့် မိဿလင်၊ သူကြင်မှ ကိုယ်ကြင်
- ချောင်းရိုးမြောင်းရိုးသာ တိမ်ကောသည်၊ လူမျိုး မတိမ်ကော
- ချစ်ခြင်းအစ မျက်စိက
- ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ
- ချစ်စကို ရှည်စေ၊ ရန်စကို တိုစေ
- ချစ်စေလို ခံတွင်းလက်လေးသစ်၊ မုန်းစေလို ခံတွင်းလက်လေးသစ်
- ချစ်တိုင်း မညား၊ ညားတိုင်း မချစ်
- ချစ်တုန်း မုန်းစကားပြော
- ချစ်ရာမရောက် နှစ်ရာရောက်
- ချစ်လုံးလုံး မုန်းလျားလျား
- ချစ်သော်ကား သကာ၊ မုန်းသော်ကား တမာ
- ချည်လိုလိုက်တတ် ချည်မပြတ်၊ မင်းလိုလိုက်တတ် မင်းမသတ်
- ချုန်းလွန်းသောမိုး ရေမဖောင်၊ ဟောင်လွန်းသောခွေး လူမလေး
- ချမ်းသာလည်း အစဉ်မဟုတ်၊ ဆင်းရဲလည်း အပင်မဟုတ်
- ခြကို ပုံတု ပမာပြု
- ခြေကြေး သုံးဆယ်၊ ဝိုင်းလုံးပယ်
- ခြေနှစ်ချောင်းလည်း မကယ်ရာ၊ သူ့လှေ မျောလည်း မဆယ်ရာ
- ခြောက်တိုင်းလည်း မကြောက်နှင့်၊ မြှောက်တိုင်းလည်း မမြောက်နှင့်
- ခွေးကပ်၊ ကြွေးကပ်၊ ပွေးကပ်
- ခွေး နှာရောင်၊ ကြောင် နဖူး၊ လူ ဒူး
- ခွေးဖိုးတစ်ထောင်၊ ကြောင်ဖိုးတစ်သိန်း
- ခွေးလိမ္မာ အမြီးကုပ်၊ ကျွန်လိမ္မာ နောက်ဆုတ်
- ချွေတာစုဆောင်း သူဌေးလောင်း
- ခြွေမှ ရံသည်