ဘ (ဆိုရိုးစကား)
- ဘမျိုးဘိုးတူ
- ဘုရားဖက်တော့ အသက်ရှည်
- ဘုရားမတင်၊ နတ်မဝင်၊ လူတွင်ဆယ်ပွင့်ပန်း
- ဘုရင်တို့ဘုန်း မိုးသို့ချုန်း၊ လူပုန်းတောမှာ မနေသာ
- ဘူးကောင်းလျှင် စင်ခံ၊ လင်ကောင်းမှ စံရ
- ဘူးခါးရေနှင့် ကြမ်းကြားလေ
- ဘူးတစ်ရာအပေါက်ကို ပိတ်လို့ရသည်၊ ပါးစပ်တစ်ပေါက်ကို ပိတ်လို့မရ
- ဘူး တစ်လုံးဆောင် အိုအောင် မဆင်းရဲ
- ဘေးမရောက်ခင်၊ ကြိုတင်ကာဆီး၊ သိဒ္ဓိပြီး
- ဘုန်းကောင်း တာစား
- ဘုန်းကြီးလို့ သက်မရှည်၊ သက်ရှည်လို့ ဘုန်းမကြီး
- ဘုန်းကြီးသေ ရွာကြေ
- ဘုန်းနှင့် ပညာ ထက်ကြပ်ပါ
- ဘုန်းနှင့် သမ္ဘာ ထက်ကြပ်ပါ
- ဘုန်းရှိပေါ်ရောက် ဘုန်းမဲ့ပျောက်
- ဘုံခန်းလည်း မြှောက်လွန်းသည်၊ ငရဲခန်းလည်း ခြောက်လွန်းသည်
- ဘယ်လဲ ညာထောင် ဥစ္စာပြောင်၊ ဘယ်ထောင် ညာလဲ တက်တက်မွဲ
- ဘယ်လိုပင်ကျိန်ဆဲ ကြောင်းကုန်မှကွဲ
- ဘယ်လိုပင်ဆုတောင်း ကြောင်းပါမှပေါင်း
- ဘယ်သူမပြု မိမိမှု