ဆ (ဆိုရိုးစကား)
- ဆရာကောင်းတပည့် ပန်းကောင်းပန်
- ဆရာခံသတ် ဓားမချပ်
- ဆရာနှစ်ပါး၊ အယူပြား၊ နောက်သားခက်စရာ
- ဆရာများ သားသေ
- ဆရာလွှတ်တော့ ရိုင်း၊ မျဉ်းလွှတ်တော့ ကိုင်း
- ဆရာ့ထက် တပည့်လက်စောင်းထက်
- ဆားမပါသည့်ဟင်း အရသာကင်း
- ဆီပါလျှင် လွှစာပင် ကောင်းစမြဲ
- ဆီးရွမ်း ပေါက်ပြဲ တပို့တွဲ
- ဆေးကောင်းလျှင် သန်းခေါင်း
- ဆေးကောင်း အင်းစောင်းသလောက်ရှိ
- ဆေးစာဖတ်ရာ နားထောင်ပါ၊ ရောဂါပျောက်နိုးနိုး
- ဆေးစက်ကျရာ အရုပ်ထင်
- ဆံထုံးထုံး အမြိတ်နှင့်၊ စကားပြော အရိပ်နှင့်
- ဆိုခဲစေ မြဲစေ
- ဆိုရေးရှိက ဆိုအပ်လှ
- ဆင်စွယ်မှန် ပိုးမစား
- ဆင်မှာကား စေ့၊ ဝက်မှာ လေ့
- ဆင်သွားလျှင် လမ်းဖြစ်
- ဆင်းရဲ ငရဲမကြောက်
- ဆင်းရဲတစ်ခါ ချမ်းသာတစ်လှည့်
- ဆင်းရဲလေလေ သံဝေရရ
- ဆောင်းတွင်းအိပ်မက် ကတောက်ကတက်
- ဆောင်းမှာ သားရေ၊ နွေမှာ သစ်ခေါက်၊ မိုးမှာ ဝါးယောင်းခြောက်
- ဆည်တဲ့ ကန်သင်း၊ တည်တဲ့ ဟင်း
- ဆိတ်ဆိတ်နေဘိ သမ္ဗောဓိ
- ဆိတ်ဆိတ်နေမူ သဘောတူ
- ဆန္ဒရှိက နည်းလမ်းရ
- ဆန်ဖြူဆန်ကောင်း ထောင်းမှ သိ၊ လူတို့သဘော ပေါင်းမှ သိ
- ဆပ်သွားဖူး ဆူးကဖျက်
- ဆုပ်လျှင်စူး စားလျှင်ရူး
- ဆုပ်သော် ဖရိုဖရဲ၊ ကြဲသော် တထွေးလုံးလုံး
- ဆွေကောင်းလျှင် တစ်စလယ်၊ မျိုးကြွယ်လျှင် တစ်စလောင်း၊ ဘူးကောင်းမှ စင်ခံ၊ လင်ကောင်းမှ စံရ
- ဆွေချင်းထပ် မြတ်၊ မျိုးချင်းခြုံ လုံ